ငြိမ်းချမ်းရေးတည်ဆောက်ခြင်းဆိုင်ရာ သဘောတရားနှင့် ယုံကြည်မှုပေါင်းစုံ စကားဝိုင်း

Aug 14, 2019

ငြိမ်းချမ်းရေးတည်ဆောက်ခြင်းဆိုင်ရာ သဘောတရားနှင့် ယုံကြည်မှုပေါင်းစုံ စကားဝိုင်း

ငြိမ်းဖောင်ဒေးရှင်း၏ Dialogue among Diversity (DaD) စီမံကိန်းသည် ငြိမ်းချမ်းရေးတည်ဆောက်ခြင်းဆိုင်ရာ သဘောတရားနှင့် ယုံကြည်မှုပေါင်းစုံ စကားဝိုင်းကို ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်ရှိ ထုံးရေပေါက်ကျေးရွာ၌ သြဂုတ်လ (၇) ရက်နှင့် (၈) ရက်နေ့တို့တွင်လည်းကောင်း၊ ဆားမှော်ကျေးရွာ၌ သြဂုတ်လ (၉) ရက်နှင့် (၁၀) ရက်နေ့တို့တွင်လည်းကောင်း အသီးသီးပြုလုပ်ခဲ့ပါသည်။ ထုံးရေပေါက်ကျေးရွာ၌ ပြုလုပ်သော စကားဝိုင်းတွင် တက်ရောက်သူစုစုပေါင်း (၃၆) ဦးပါဝင်ခဲ့ပြီး၊ ဆားမှော်ကျေးရွာ၌ ပြုလုပ်သော စကားဝိုင်းတွင် စုစုပေါင်း (၂၄) ဦးတို့ ပါဝင်တက်ရောက်ခဲ့ကြပါသည်။

Peacebuilding Concept & Interfaith Dialogue in Moe Kaung Township

DaD စီမံကိန်းသည် ထိုသို့သော စကားဝိုင်းများကို စီမံကိန်းဧရိယာများတွင် ကျင်းပပြုလုပ်လျက်ရှိပြီး တစ်ဦးချင်းစီမှစတင်၍ မတူခြားနားသော တိုင်းရင်းသားလူမျိုးစုများအကြားရှိ ယုံကြည်မှု၊ ရိုးရာယဉ်ကျေးမှုဓလေ့များနှင့် တန်ဖိုးထားမှုများကို အပြန်အလှန် လေ့လာသင်ယူနိုင်ရန်အတွက်လည်းကောင်း၊ မတူကွဲပြားမှုများကို အပြန်အလှန်တန်ဖိုးထားလက်ခံ၍ ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်သော လူ့ဘောင်အဖွဲ့အစည်းတစ်ခုကို ဖော်ဆောင်နိုင်ရန် ရည်ရွယ်၍ ဆောင်ရွက်လျက်ရှိပါသည်။