Project Orientation – IYCAP (Yangon)

Project Orientation – IYCAP (Yangon)
Project Orientation – IYCAP (Yangon)

Mar 5, 2020

Project Orientation – IYCAP (Yangon)

ငြိမ်းဖောင်ဒေးရှင်းမှ အကောင်အထည်ဖော်ဆောက်ရွက်လျက်ရှိသော ငြိမ်းချမ်းရေး တည်ဆောက်သူ လူငယ်များ ပြုစုပျိုးထောင်ခြင်း အစီအစဥ် (Nurturing Youth Peacebuilder Program) ၏ စီမံကိန်းတစ်ခုဖြစ်သော ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုပေါင်းစုံမှ လူငယ်များ ပူးပေါင်းဆောင်ရွက်ခြင်း (IYCAP) “စီမံကိန်းမိတ်ဆက်ခြင်း” အခမ်းအနားအား ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ (၂၉)ရက်နေ့တွင် ရန်ကုန်မြို့၊ အလုံလမ်းရှိ Summit Parkview Hotel ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် ငြိမ်းမိသားစုဝင်များ ၊ IYCAP Alumni များ၊ Active Youth များ၊ လူငယ်ရေးရာကော်မတီ (ရန်ကုန်တိုင်းဒေသကြီး) မှ လူငယ်များ၊ မေတ္တာစက်ဝိုင်းအဖွဲ့ဝင်များ စုစုပေါင်း (၅၉) ဦး (အမျိုးသား ၃၁ ဦး၊ အမျိုးသမီး ၂၇ ဦး၊ အခြား ၁ ဦး၊ ဗုဒ္ဓဘာသာ ၃၅ ဦး၊ ခရစ်ယာန် ၂၂ ဦး၊ အစ္စလာမ် ၁ ဦး) တို့ ပါဝင်တက်ရောက်ခဲ့ပါသည်။     

အစီအစဥ်တွင် Interfaith Peacebuilding Trainer ဖြစ်သော ဦးသူရနိုင်က အဖွင့်အမှာ စကားပြောကြား၍ အခမ်းအနားကို စတင်ခဲ့ပါသည်။ ထို့နောက် ငြိမ်းဖောင်ဒေးရှင်းအကြောင်း၊ IYCAP စီမံကိန်းအကြောင်းတို့ကို ဦးမျိုးလတ်အောင် (Area Coordinator – Yangon) က ရှင်းလင်း တင်ပြခဲ့ပြီး IYCAP စီမံကိန်း၏ မှတ်တမ်းဗီဒီယိုများကို ပြသပြီးနောက် အပြန်အလှန်ဆွေးနွေးခြင်း၊ အကြံပြုချက်များရယူခြင်းတို့ကို ပြုလုပ်ခဲ့ပါသည်။ အဆိုပါ အခမ်းအနားကို IYCAP စီမံကိန်း ဝန်ထမ်းများဖြစ်သော ဦးမျိုးလတ်အောင်၊ ဦးသူရနိုင်နှင့် မမေဖြိုးသူတို့မှ  ဦးဆောင်ကျင်းပခဲ့ကြပါသည်။

ရန်ကုန်တိုင်းဒေသကြီးရှိ ယုံကြည်မှုပေါင်းစုံလူငယ်များကို IYCAP စီမံကိန်းလုပ်ငန်းစဥ်များအား မိတ်ဆက်ရှင်းလင်းတင်ပြနိုင်ရန်၊ ကွန်ရက်ချိတ်ဆက်ကာ လုပ်ငန်းစဥ်များ ပူးပေါင်းဆောင်ရွက်လာနိုင်ရန်နှင့် IYCAP စီမံကိန်းမှ ဆက်လက်လုပ်ဆောင်သွားမည့် လုပ်ငန်းစဥ်များအား ရှင်းလင်း တင်ပြကာ ဖိတ်ခေါ်နိုင်ရန် စသည့်ရည်ရွယ်ချက်များဖြင့် အဆိုပါ အစီအစဉ်ကို ပြုလုပ်ခဲ့ခြင်းဖြစ်ပါသည်။