Project Orientation – IYCAP (Mon)

Project Orientation – IYCAP (Mon)
Project Orientation – IYCAP (Mon)

Feb 24, 2020

Project Orientation – IYCAP (Mon)

ငြိမ်းဖောင်ဒေးရှင်း ငြိမ်းချမ်းရေးတည်ဆောက်သူ လူငယ်များ ပြုစုပျိုးထောင်ခြင်းအစီအစဉ်၏  စီမံကိန်းတစ်ခုဖြစ်သော ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုပေါင်းစုံမှ လူငယ်များ ပူးပေါင်းဆောင်ရွက်ခြင်း (IYCAP) စီမံကိန်း၏ စီမံကိန်း မိတ်ဆက်ခြင်း အခမ်းအနားကို ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ (၂၁) ရက်နေ့တွင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ရာမညဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားသို့ အရပ်ဘက်လူမှုအဖွဲ့အစည်းများ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ မွန်ပြည်နယ် လူငယ်ရေးရာကော်မတီမှ လူငယ်များ၊ IYCAP IPB & HRT Alumni နှင့် IYCAP Active Youth များ စုစုပေါင်း ၄၄ ဦး (အမျိုးသား – ၂၇ ဦး နှင့် အမျိုးသမီး – ၁၇ ဦး ) တို့ တက်ရောက်ခဲ့ပါသည်။ အစီအစဥ်တွင် ငြိမ်းဖောင်ဒေးရှင်း မွန်ပြည်နယ်ရုံးမှ ပြည်နယ်တာဝန်ခံ ဆရာဦးမင်းအောင်ထူးက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ငြိမ်းဖောင်ဒေးရှင်း အကြောင်းအား ရှင်းပြပေးခဲ့ပါသည်။

ထို့နောက် IYCAP စီမံကိန်းအကြောင်းအား စီမံကိန်း အရာရှိ ဦးဝင်းကျော်ထွေးက ရှင်းပြပေးခဲ့ပါသည်။ ဆက်လက်၍ မွန်ပြည်နယ် အကြံပေးအဖွဲ့ဝင် ဦးမောင်မောင်ဇော်ထွန်း က အားပေးစကား ပြောကြားပြီးနောက် တက်ရောက်လာသူများထံမှ  IYCAP စီမံကိန်း၏ လုပ်ငန်းစဥ်များနှင့်ပတ်သက်သည့် အကြံပြုချက်များ ရယူခဲ့ပြီး အခမ်းအနားကို အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါအခမ်းအနားသည် IYCAP စီမံကိန်းအကြောင်းနှင့် စီမံကိန်းတွင် ပါဝင်လုပ်ဆောင်မည့် လုပ်ငန်းစဉ်များ‌ကြောင်းကို တက်ရောက်လာသူများ သိရှိကြစေရန်၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် IYCAP IPB & HRT Alumni နှင့် IYCAP Active Youth များ သိရှိထားခြင်းအားဖြင့် လုပ်ငန်းများ စီစဉ်ဆောင်ရွက်ရာတွင် ပိုမိုချောမွေ့လွယ်ကူစွာ လုပ်ဆောင်နိုင်ရန်နှင့် လိုအပ်သည့် ကူညီပံ့ပိုးမှုများကို ရရှိနိုင်ရန်၊ လုပ်ငန်းစဉ်များကို ပိုမိုကောင်းမွန်စွာ လုပ်ဆောင်နိုင်ရန် အကြံပြုချက်နှင့် ဆွေးနွေးချက်များကို ရယူနိုင်စေရန် စသည့် ရည်ရွယ်ချက်များဖြင့် ကျင်းပပြုလုပ်သော အစီအစဉ်တစ်ခုဖြစ်ပါသည်။