PSEA Policy Drafting Workshop

PSEA Policy Drafting Workshop
PSEA Policy Drafting Workshop

Jun 12 2019

PSEA Policy Drafting Workshop

ငြိမ်းဖောင်ဒေးရှင်း၏ စွမ်းရည်မြှင့်တင်ရေးဌာနခွဲက စီစဉ်ပြုလုပ်သော လိင်ပိုင်းဆိုင်ရာ ထိပါးနှောက်ယှက်ခြင်း၊ အမြတ်ထုတ်ခြင်းနှင့် အနိုင်ထက်ပြုကျင့်ခြင်းများကို ကာကွယ်တားဆီးရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ (Prevention of the Sexual Harassment, Exploitation and Abuse (PSEA) Workshop) ကို ဇွန်လ (၁၁) ရက်နှင့် (၁၂) ရက်နေ့များတွင် ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်၊ ပုလဲလမ်းရှိ ဆုံဆည်းဧဒင်သင်တန်းခန်းမ၌ ပြုလုပ်ခဲ့ပါသည်။

Prevention of the Sexual Harassment, Exploitation and Abuse (PSEA) Workshop
Prevention of the Sexual Harassment, Exploitation and Abuse (PSEA) Workshop

အလုပ်ရုံဆွေးနွေးပွဲ၊ ပထမနေ့တွင် ဆရာ ဦးဆိုင်းအောင်စိန်မြင့် က ဦးဆောင်ဆွေးနွေးခဲ့ပြီး ငြိမ်းဖောင်ဒေးရှင်းမှ အလုပ်အမှုဆောင်ကော်မတီဝင်များ၊ စီမံကိန်းတာဝန်ရှိသူများနှင့် ဌာနခွဲ တာဝန်ခံများ ပါဝင်ဆွေးနွေးခဲ့ကြပါသည်။

Prevention of the Sexual Harassment, Exploitation and Abuse (PSEA) Workshop
Prevention of the Sexual Harassment, Exploitation and Abuse (PSEA) Workshop

ဒုတိယနေ့တွင် ငြိမ်းဖောင်ဒေးရှင်းမှ ဒါရိုက်တာ (မူဝါဒနှင့် မဟာဗျူဟာ) ဒေါ်ဇက်နန်ရော် ဦးဆောင်၍ လိင်ပိုင်းဆိုင်ရာ ထိပါးနှောက်ယှက်ခြင်း၊ အမြတ်ထုတ်ခြင်းနှင့် အနိုင်ထက်ပြုကျင့်ခြင်းများကို ကာကွယ်တားဆီးရေးနှင့်ပတ်သက်၍ အဖွဲ့လိုက်၊ တစ်ဦးချင်းအလိုက် ဆွေးနွေးခြင်းများ ပြုလုပ်စေခဲ့ပါသည်။ ထိုအလုပ်ရုံဆွေးနွေးပွဲ၌ အပြန်အလှန်ဆွေးနွေးမှုများမှ ထွက်ရှိလာသော ဆွေးနွေးချက်များ၊ သုံးသပ်ချက်များ၊ အကြံပြုချက်များအပေါ်အခြေခံ၍ လိင်ပိုင်းဆိုင်ရာ ထိပါးနှောက်ယှက်ခြင်း၊ အမြတ်ထုတ်ခြင်းနှင့် အနိုင်ထက်ပြုကျင့်ခြင်းများကို ကာကွယ်တားဆီးရေးဆိုင်ရာ မူဝါဒ တစ်ရပ် ပေါ်ထွက်လာရန်အတွက် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။