Religious Festival in Mon State

Religious Festival in Mon State
Religious Festival in Mon State

Aug 19, 2019

Religious Festival in Mon State

ငြိမ်းဖောင်ဒေးရှင်း၏ စီမံကိန်းတစ်ခုဖြစ်သော ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုပေါင်းစုံမှ လူငယ်များ ပူးပေါင်းဆောင်ရွက်ခြင်း (IYCAP) စီမံကိန်းသည် ၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၁၄) ရက်နေ့တွင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ ငြိမ်းဖောင်ဒေးရှင်း မွန်ပြည်နယ်ရုံးခွဲ၌ ဘာသာရေးပွဲတော်တစ်ခုဖြစ်သော အစ္စလာမ်ဘာသာဝင်များ၏ အိဒ်ပွဲတော်အား ယုံကြည်မှုပေါင်းစုံမှ လူငယ် (၃၃) ဦးဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။ 

အစီအစဉ်အား အစ္စလာမ်ဘာသာဝင်များ၏ အိဒ် ပွဲတော်ကျင်းပပြုလုပ်ခြင်း၏ အဓိပ္ပါယ်ကို လူငယ်များကောင်းစွာသိရှိသွားစေရန်၊ လူငယ်များအနေဖြင့် အိဒ် ပွဲတော်နှင့်ပတ်သက်၍ မေးမြန်း  ဆွေးနွေးခြင်းဖြင့်  ပွဲတော်အကြောင်းကို ပိုမိုနားလည်မှုရရှိလာစေရန် ရည်ရွယ်ဆောင်ရွက်ခဲ့ပါသည်။

ပွဲတော်အကြောင်းပိုမိုသိရှိစေရန်အတွက်လည်း IYCAP Alumni များထဲမှ အစ္စလာမ်ဘာသာဝင် ဖြစ်သော ကိုစိုးသက်ပိုင်၊ ကိုသီဟ၊ ကိုဝင်းထွဋ်နောင်နှင့် ကိုအောင်အောင်နိုင်တို့မှ ဦးဆောင်ရှင်းပြးပေးခဲ့ပါသည်။ ထိုအစီစဉ်တွင် ရိုးရာမုန့်များ (စမိုင်နှင့်ကျောက်ကျော) ပြုလုပ်ကာ   အတူတကွသုံးဆောင်ရင်း အစီအစဉ်အား ပျော်ရွှင်စွာကျင်းပခဲ့ကြပါသည်။