Religious Festivals – IYCAP (Kayin)

Religious Festivals – IYCAP (Kayin)
Religious Festivals – IYCAP (Kayin)

Dec 24, 2019

Religious Festivals – IYCAP (Kayin)

ခရစ္စမတ်ပွဲတော်နှင့်ပတ်သက်ပြီး လူငယ်များ သိရှိလေ့လာနိုင်ရန်၊ လူငယ်များ ဦးဆောင်နိုင်မှုနှင့် ပူးပေါင်းလုပ်ဆောင်မှုများ အားကောင်းလာစေရန်၊ ယုံကြည်မှုမတူညီသော လူငယ်များ အတူတကွ ခရစ္စမတ်ပွဲတော်အား ပါဝင်ဆင်နွှဲနိုင်ရန်နှင့် လူငယ်များအချင်းချင်း မိတ်သဟာယဖွဲ့နိုင်စေရန် ရည်ရွယ်၍ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၂၂) ရက်နေ့တွင် ကရင်ပြည်နယ်၊ ဘားအံမြို့နယ်ရှိ ငြိမ်းဖောင်ဒေးရှင်းရုံးခွဲ (ကရင်ပြည်နယ်) ၌ ခရစ္စမတ်ပွဲတော်အား ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါ ကျင်းပပြုလုပ်သော ခရစ္စမတ်ပွဲတော်အစီအစဉ်ကို IYCAP စီမံကိန်းမှ ဦးဆောင်ပြုလုပ်ခဲ့ပြီး ဘားအံမြို့ရှိ အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့် လူငယ်ကွန်ရက်များမှ ယုံကြည်မှုပေါင်းစုံ လူငယ်များ၊ IYCAP Alumni များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲခဲ့ကြပါသည်။