ထပ်မံအိတ်ပိတ်တင်ဒါခေါ်ယူခြင်း

ထပ်မံအိတ်ပိတ်တင်ဒါခေါ်ယူခြင်း
ထပ်မံအိတ်ပိတ်တင်ဒါခေါ်ယူခြင်း

May 7 2019

ထပ်မံအိတ်ပိတ်တင်ဒါခေါ်ယူခြင်း

ငြိမ်းဖောင်ဒေးရှင်း၏ စီမံကိန်းတစ်ခုဖြစ်သော ငြိမ်းချမ်းရေးအတွက် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အထောက်အပံ့ပေးရေး (Humanitarian Assistance for Peace -HAP) စီမံကိန်းမှ စစ်ရှောင်ပြည်သူများအတွက် လိုအပ်လျက်ရှိသော လူနေဆောင် အလုံး(၂၀) ကို မော်ဖောင်းကျေးရွာအတွင်းရှိ ထွယ်ဆန်အရပ်၌ ဆောက်လုပ်ရန် ပျဉ်၊ သွပ်၊ သံ၊ ကျင်တွယ်ခုံများနှင့် ဆောက်လုပ်ရေး ကုန်ကျစရိတ်များကို သတ်မှတ်စံချိန်စံညွှန်းများအတိုင်း မြန်မာကျပ်ငွေဖြင့် ဝယ်ယူရန် ဈေးပြိုင်အိတ်ပိတ်တင်ဒါများ တင်သွင်းနိုင်ရန် ဖိတ်ခေါ်အပ်ပါသည်။

တင်ဒါပုံစံနှင့် စည်းကမ်းချက်များအား ကြော်ငြာပါသည့်နေ့ရက်မှ စတင်ကာ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ ငြိမ်းဖောင်ဒေးရှင်း (ပင်မရုံး)၊ ထောက်ပံ့ပို့ဆောင်ရေးဌာနတွင် ရုံးချိန်အတွင်း လာရောက်ထုတ်ယူနိုင်ပြီး ၂၀၁၉ ခုနှစ်၊ မေလ (၁၆) ရက်၊ ကြာသပတေးနေ့၊ ညနေ (၄) နာရီ နောက်ဆုံးထားပြီး တင်ဒါများအား ပြန်လည်တင်သွင်းရမည်ဖြစ်ပါသည်။

၂၀၁၉ ခုနှစ်၊ မေလ (၁၇) ရက်နေ့တွင် ငြိမ်းဖောင်ဒေးရှင်း (ပင်မရုံး) တင်ဒါရွေးချယ်ရေးကော်မတီမှ တင်ဒါများအား တစ်ပြိုင်နက်တည်း ဖွင့်ဖောက်ရွေးချယ်သွားမည်ဖြစ်ပါသည်။

အသေးစိတ်သိရှိလိုသော အချက်များကို ငြိမ်းဖောင်ဒေးရှင်း (ပင်မရုံး) ထောက်ပံ့ပို့ဆောင်ရေးဌာန၊ ဖုန်း ၀၉ ၉၇၅ ၉၅၆ ၂၁၃၊ ၀၉ ၄၄၀၀၀ ၄၇၅၁ သို့ ရုံးချိန် နံနက် (၉) နာရီမှ ညနေ (၅) နာရီအတွင်း ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါသည်။
ငြိမ်းဖောင်ဒေးရှင်း (ပင်မရုံး)၊ အမှတ် (GD-90)၊ (စီတာပူနံနက်ဈေး အရှေ့ဘက်)၊ ဂင်ဒိုင်နယ်မြေ၊ စီတာပူရပ်ကွက်၊ မြစ်ကြီးနားမြို့၊ ကချင်ပြည်နယ်