အိတ်ပိတ်တင်ဒါခေါ်ယူခြင်း

အိတ်ပိတ်တင်ဒါခေါ်ယူခြင်း
အိတ်ပိတ်တင်ဒါခေါ်ယူခြင်း

Aug 19, 2019

အိတ်ပိတ်တင်ဒါခေါ်ယူခြင်း

ငြိမ်း(Shalom)ဖောင်ဒေးရှင်း၏ စီမံကိန်းတစ်ခုဖြစ်သောငြိမ်းချမ်းရေးအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အထောက်အပံ့ပေးရေး (Humanitarian Assistance for Peace Project – HAP) စီမံကိန်းမှ ဖားကန့်မြို့နယ်နှင့် ချီဖွေမြို့နယ်ရှိ စစ်ရှောင်ပြည်သူများ (လူဦးရေ-၄၄၇၆) အတွက် လိုအပ်လျက်ရှိသော တစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်းများဖြစ်သည့် ရေချိုးဆပ်ပြာ၊ အဝတ်လျှော်ဆပ်ပြာ၊ အမျိုးသမီးလစဥ်သုံး၊ အမျိုးသမီးအတွင်းခံဘောင်းဘီများကို သတ်မှတ် စံချိန်စံညွန်းများအတိုင်း မြန်မာကျပ်ငွေဖြင့် ၀ယ်ယူရန်စျေးပြိုင် အိတ်ပိတ်တင်ဒါများ တင်သွင်းနိုင်ရန် ဖိတ်ခေါ်အပ်ပါသည်။

တင်ဒါပုံစံနှင့် စည်းကမ်းချက်များအား ကြော်ငြာပါသည့် နေ့ရက်မှ စတင်ကာ ငြိမ်းဖောင်ဒေးရှင်း (ပင်မရုံး) ထောက်ပံ့ပို့ဆောင်ရေးဌာနခွဲတွင် ရုံးချိန်အတွင်း လာရောက်ထုတ်ယူနိုင်ပြီး ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၃၀) ရက်နေ့ ညနေ (၄း၀၀) နာရီ နောက်ဆုံးထားပြီး ပစ္စည်းနမူနာနှင့်အတူ တင်ဒါ အဆိုပြုလွှာများအား ပြန်လည်တင်သွင်းရမည် ဖြစ်ပါသည်။

တင်ဒါများအား ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၁) ရက်နေ့တွင် ငြိမ်း(Shalom)ဖောင်ဒေးရှင်း (ပင်မရုံး) တွင် တင်ဒါစိစစ်ရွေးချယ်ရေးကော်မတီမှ တင်ဒါအဆိုပြုလွှာများအား တစ်ပြိုင်နက်တည်း ဖွင့်ဖောက်ရွေးချယ်မည်ဖြစ်ပါသည်။

အသေးစိတ်သိရှိလိုသောအချက်များကို ငြိမ်း(Shalom)ဖောင်ဒေးရှင်းရုံး စီမံရေးရာနှင့် ရုံးများဆိုင်ရာဌာနခွဲတွင် ရုံးချိန် နံနက် ၉း၀၀နာရီမှ ညနေ ၅း၀၀နာရီအတွင်း ဖုန်း ၀၉၇၉၇၁၄၅၅၃၃၊ ၀၉၂၆၄၃၁၃၉၆၁ သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

ငြိမ်း(Shalom)ဖောင်ဒေးရှင်း၊ ပင်မရုံး၊ အမှတ် GD – ၉၀၊ စီတာပူရပ်ကွက်၊ (စီတာပူနံနက်ဈေး အရှေ့ဘက်)၊ ဂင်ဒိုင်နယ်မြေ မြစ်ကြီးနားမြို့၊ ကချင်ပြည်နယ်။