Sep 29, 2020
ငြိမ်းဖောင်ဒေးရှင်း၏ စီမံကိန်းတစ်ခုဖြစ်သော KCA COVID-19 Response စီမံကိန်းမှ ကချင်ပြည်နယ်တွင် အကောင်အထည်ဖော်ဆောင်ရွက်ရန်အတွက် လိုအပ်လျက်ရှိသော ကူးစက်ရောဂါထိန်းချုပ်ရေးနှင့် ဆေးရုံသုံး ပစ္စည်းများကို သတ်မှတ်စံချိန်စံညွန်းများ အတိုင်း မြန်မာကျပ်ငွေဖြင့် စျေးနှုန်းအဆိုပြုလွှာများ တင်သွင်းနိုင်ရန် အတွက် အိတ်ပိတ်စျေးနှုန်းအဆိုပြုလွှာများ ဖိတ်ခေါ်အပ်ပါသည်။
အဆိုပြုလွှာ၊ စည်းမျဥ်းစည်းကမ်း၊ ပစ္စည်းစာရင်းအသေးစိတ်များနှင့် လျှောက်လွှာပုံစံကို အောက်တွင်ဖော်ပြထားသော Download Link မှတစ်ဆင့် ရယူနိုင်ပါသည်။
အသေးစိတ်သိရှိလိုသော အချက်များကို ငြိမ်းဖောင်ဒေးရှင်းရုံးတွင် ရုံးချိန် မနက် (၁၀) နာရီမှ ညနေ (၄) နာရီအတွင်း ဖုန်းနံပါတ် (၀၉ ၇၉၇ ၁၄၅ ၅၉၉၊ ၀၉ ၆၇၈ ၈၀၉ ၅၉၅၊ ၀၉ ၇၉၇ ၁၄၅ ၆၅၆) သို့ ဆက်သွယ်၍ စုံစမ်းမေးမြန်းနိုင်ပါသည်။
တင်ဒါလျှောက်လွှာရယူနိုင်မည့်နေ့ရက် – ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ (၂၉) ရက်
တင်ဒါလျှောက်လွှာ နောက်ဆုံးတင်သွင်းရမည့်နေ့ရက်/အချိန် – ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ (၅) ရက် ၊ ညနေ (၄) နာရီ
တင်ဒါတင်သွင်းရမည့်နေရာ
– စာအိတ် (၁) တွင်ပါဝင်ရမည့် နည်းပညာပိုင်းဆိုင်ရာအသေးစိတ် အချက်အလက်များအား [email protected] ထံသို့လည်းကောင်း၊ ဘဏ္ဍာရေးဆိုင်ရာ စာအိတ်အား [email protected] ထံသို့လည်းကောင်း Email ပေးပို့ရမည်ဖြစ်ပါသည်။
တင်ဒါစည်းကမ်းချက်များ – Download