Dec 16, 2020
ငြိမ်းဖောင်ဒေးရှင်း၏ စီမံကိန်းတစ်ခုဖြစ်သော EHO COVID-19 Response စီမံကိန်းမှ ကရင်ပြည်နယ်တွင် အကောင်အထည်ဖော်ဆောင်ရွက်ရန်အတွက် လိုအပ်လျက်ရှိသော ဆောက်လုပ်ရေးလုပ်ငန်းများကို သတ်မှတ်စံချိန်စံညွှန်းများအတိုင်း မြန်မာကျပ်ငွေဖြင့် အိတ်ပိတ်စျေးနှုန်းအဆိုပြုလွှာများ တင်သွင်းနိုင်ရန် ဖိတ်ခေါ်အပ်ပါသည်။
အိတ်ပိတ်ဈေးနှုန်းအဆိုပြုလွှာနှင့် အချက်အလက်ရယူရန်
စည်းမျဥ်းစည်းကမ်း၊ ပစ္စည်းစာရင်းအသေးစိတ်များနှင့် လျှောက်လွှာပုံစံကို အောက်ဖော်ပြပါ Download Link တွင်သော်လည်းကောင်း၊ ငြိမ်းဖောင်ဒေးရှင်း (ကရင်ပြည်နယ်) (အမှတ် – ၉/၃၉၆၊ ကျန်စစ်သားလမ်း၊ ရတနာဒီပ၊ အမှတ် (၉) ရပ်ကွက်၊ ဘားအံမြို့) ရုံးနှင့် ဆုံဆည်းမြိုင်ဒေသ၊ KRRC ရုံး (စုကလိမြို့နယ်ခွဲ) တွင် ရုံးချိန်အတွင်း လူကိုယ်တိုင်လာရောက်၍ သော်လည်းကောင်း၊ အီးမေးလ်လိပ်စာ ([email protected], [email protected] ) သို့ လည်းကောင်း ရယူနိုင်ပါသည်။
စုံစမ်းမေးမြန်းရန်
အသေးစိတ်သိရှိလိုသော အချက်များကို ငြိမ်းဖောင်ဒေးရှင်းရုံး (ကရင်ပြည်နယ်) (အမှတ် – ၉/၃၉၆၊ ကျန်စစ်သားလမ်း၊ ရတနာဒီပ၊ အမှတ် (၉) ရပ်ကွက်၊ ဘားအံမြို့) နှင့် ဆုံဆည်းမြိုင်ဒေသ၊ KRRC ရုံး (စုကလိမြို့နယ်ခွဲ) သို့ လူကိုယ်တိုင် လာရောက်၍ သော်လည်းကောင်း၊ အီးမေးလ်ဖြင့်သော်လည်းကောင်း၊ ဖုန်းအမှတ် (၀၉ ၇၉၁ ၅၇၉ ၀၃၀) ထံသို့သော် လည်းကောင်း ရုံးချိန်အတွင်း မနက် (၁၀) နာရီ မှ ညနေ (၄) နာရီ အတွင်း စုံစမ်းမေးမြန်းနိုင်ပါသည်။
သတ်မှတ်ကာလ
နောက်ဆုံးတင်သွင်းရမည့်နေ့ရက် ။ ။ ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ၊ (၂၄) ရက်။
နောက်ဆုံးတင်သွင်းရမည့် အချိန် ။ ။ ညနေ (၃) နာရီ
အိတ်ပိတ်ဈေးနှုန်းအဆိုပြုလွှာတင်သွင်းရန်
အိတ်ပိတ်ဈေးနှုန်းအဆိုပြုလွှာများကို ငြိမ်းဖောင်ဒေးရှင်းရုံး (ကရင်ပြည်နယ်) (အမှတ် – ၉/၃၉၆၊ ကျန်စစ်သားလမ်း၊ ရတနာဒီပ၊ အမှတ် (၉) ရပ်ကွက်၊ ဘားအံမြို့) နှင့် ဆုံဆည်းမြိုင်ဒေသ၊ KRRC ရုံး (စုကလိမြို့နယ်ခွဲ) သို့ လူကိုယ်တိုင်လာရောက်၍ ရုံးချိန်တွင်း မနက် (၁၀) နာရီမှ ညနေ (၄) နာရီအတွင်း တင်သွင်းနိုင်ပါသည်။
အိတ်ပိတ်ဈေးနှုန်းအဆိုပြုလွှာပုံစံ – Download
အသေးစိတ်အချက်အလက်နှင့် စည်းကမ်းချက်များ – Download
အသေးစိတ် ဈေးနှုန်းများဖြည့်စွက်ရန် ပုံစံ – Download