Jul 8, 2020
စျေးနှုန်းအဆိုပြုလွှာခေါ်ယူခြင်း
ငြိမ်းဖောင်ဒေးရှင်း၏ စီမံကိန်းတစ်ခုဖြစ်သော Covid-19 response စီမံကိန်းမှ ကချင်ပြည်နယ်တွင် အကောင်အထည်ဖော်ဆောင်ရွက်ရန်အတွက် လိုအပ်လျက်ရှိသော ကူးစက်ရောဂါထိန်းချုပ်ရေးနှင့် တစ်ကိုယ်ရေကာကွယ်ရေးပစ္စည်းများဖြစ်သည့် Personal Protection Equipment (PPE), N95 Mask, 3 Layer Mask, Examination Hand Glove, Surgical Glove No.6, Surgical Glove No.6.5 များကို သတ်မှတ် စံချိန်စံညွှန်းများအတိုင်း မြန်မာကျပ်ငွေဖြင့် စျေးနှုန်းအဆိုပြုလွှာများ တင်သွင်းနိုင်ရန် ဖိတ်ခေါ်အပ်ပါသည်။
အဆိုပြုလွှာပုံစံနှင့် စည်းကမ်းချက်များအား စတင်ကြော်ငြာသည့် နေ့ရက်မှ စတင်ကာ ငြိမ်းဖောင်ဒေးရှင်း (ရုံးချုပ်)၊ အမှတ် (၉၉-အေ)၊ အခန်းအမှတ် (8-C)၊ ရွှေပိတောက်ကွန်ဒို၊ မြေနုလမ်း၊ စမ်းချောင်း၊ ရန်ကုန်မြို့သို့ ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ (၁၄) ရက်၊ ညနေ (၄) နာရီ နောက်ဆုံးထား၍ လူကိုယ်တိုင်ဖြစ်စေ၊ အမြန်ချောပို့ဖြင့်ဖြစ်စေ ယာဥ်၏ အသေးစိတ်အချက်အလက်နှင့် စျေးနှုန်းအဆိုပြုလွှာများအား သီးခြားစီ ခွဲ၍ တင်သွင်းရမည် ဖြစ်ပါသည်။
အသေးစိတ်သိရှိလိုသောအချက်များကို ငြိမ်းဖောင်ဒေးရှင်း (ရုံးချုပ်) ထောက်ပံ့ပို့ဆောင်ရေးဌာနခွဲတွင် ရုံးချိန်၊ နံနက် (၉) နာရီမှ ညနေ (၅) နာရီအတွင်း ဖုန်း ၀၉ ၇၉၇ ၁၄၅ ၅၉၉ သို့ ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ပါသည်။
အသေးစိတ်အချက်အလက်များ – Download