Sep 10, 2020
ငြိမ်းဖောင်ဒေးရှင်း၏ စီမံကိန်းတစ်ခုဖြစ်သော EHO COVID-19 Response စီမံကိန်းမှ ကရင်ပြည်နယ်တွင် အကောင်အထည်ဖော်ဆောင်ရွက်ရန်အတွက် လိုအပ်လျက်ရှိသော ကူးစက်ရောဂါထိန်းချုပ်ရေးနှင့် တစ်ကိုယ်ရေ ကာကွယ်ရေးပစ္စည်းများနှင့် ဆေးရုံသုံးပစ္စည်းများကို သတ်မှတ်စံချိန်စံညွှန်းများအတိုင်း မြန်မာကျပ်ငွေဖြင့် စျေးနှုန်းအဆိုပြုလွှာများ တင်သွင်းနိုင်ရန်အတွက် အိတ်ပိတ်တင်ဒါများ ဖိတ်ခေါ်အပ်ပါသည်။
တင်ဒါစည်းမျဥ်းစည်းကမ်း၊ ပစ္စည်းစာရင်းအသေးစိတ်များနှင့် တင်ဒါလျှောက်လွှာပုံစံကို ငြိမ်းဖောင်ဒေးရှင်းရုံးတွင် ရုံးချိန်အတွင်း လူကိုယ်တိုင် လာရောက်၍သော်လည်းကောင်း၊ အောက်ဖော်ပြပါ Download Link တွင်သော်လည်းကောင်း ရယူနိုင်ပါသည်။
အသေးစိတ်သိရှိလိုသော အချက်များကို ငြိမ်းဖောင်ဒေးရှင်းရုံးတွင် ရုံးချိန် မနက် (၁၀) နာရီမှ ညနေ (၄) နာရီအတွင်း လူကိုယ်တိုင်လာရောက်၍သော်လည်းကောင်း၊ ဖုန်းနံပါတ် (၀၉ ၇၉၇ ၁၄၅ ၅၉၉) သို့ ဆက်သွယ်၍သော်လည်းကောင်း စုံစမ်းမေးမြန်းနိုင်ပါသည်။
တင်ဒါလျှောက်လွှာ ရယူနိုင်မည့်ရက် ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ၊ (၁၀) ရက်
တင်ဒါလျှောက်လွှာ နောက်ဆုံးတင်သွင်းရမည့်ရက် – ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ၊ (၁၈) ရက် အချိန် – ညနေ (၄) နာရီ
တင်ဒါတင်သွင်းရမည့်နေရာ – ငြိမ်းဖောင်ဒေးရှင်း ရုံးချုပ်၊ အမှတ် (99-A) ရွှေပိတောက်ကွန်ဒို၊ အခန်းအမှတ် (8-C)၊ မြေနုလမ်း၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့။
တင်ဒါအဆိုပြုလွှာပုံစံ – Download
အသေးစိတ်အချက်အလက်များ – Download